




credit – Myanmarload

Unicode

အမေရိကန်မှာရှိတဲ့သူမရဲ့အိမ်လေးကို ခရစ္စမတ်အတွက် ခမ်းခမ်းနားနားဖြစ်အောင် ကိုယ်တိုင်အလှဆင်ထားပုံကို ပြသလိုက်တဲ့ဇူးဇူးမောင်

မင်းသမီးချောလေး ဇူးဇူးမောင်ကတော့ အရမ်းကိုပြီးပြည့်စုံပြီး သာယာကြည်နူးဖို့ကောင်းတဲ့ မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ရရှိခဲ့ပြီပဲ ဖြစ်ပါတယ် ။ ကြင်နာတတ်တဲ့ခင်ပွန်းကောင်းနဲ့ လက်ထပ်ထိမ်းမြားခဲ့တဲ့ ဇူးဇူးမောင်က သမီးလေးနှစ်ယောက်တိတိ မွေးဖွားခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဇူးဇူးမောင်က သူမရဲ့မိသားစုလေးနဲ့အတူ အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်နေတာဟာဆိုရင် အချိန်အတော်ကြာအောင်ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ် ။

အနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့ပြီဖြစ်တဲ့ ဇူးဇူးမောင်က Social Media ကတစ်ဆင့် သူမရဲ့လှုပ်ရှားမှုတွေကို အဆက်မပြတ်မျှဝေပေးနေတာ ဖြစ်ပါတယ် ။ ဇူးဇူးမောင်က Online Shopping အလုပ်ကိုလုပ်ကိုင်သလို သမီးလေးနှစ်ယောက်ကိုလည်း ပြုစုစောင့်‌ရှောက်ပြီး အိမ်ထောင်ရှင်မတာဝန်ကိုကျေပွန်နေတာ ဖြစ်ပါတယ် ။ အခုလည်း ဇူးဇူးမောင်က အိမ်မှာနေရင်း သမီးကြီးနဲ့အတူ သန့်ရှင်းရေးလုပ်ပြီး ခရစ္စမတ်ပွဲတော်နေ့အတွက် ကိုယ်တိုင်အလှဆင်ခဲ့တာ ဖြစ်ပါတယ် ။

ဇူးဇူးမောင်ကတော့ ခရစ္စမတ်အငွေ့အသက်လေးတွေရရှိအောင် ပန်းတွေ၊သစ်ပင်လေးတွေနဲ့ ခမ်းခမ်းနားနားလေးဖြစ်အောင် သေချာပြင်ဆင်ခဲ့တာ ဖြစ်ပါတယ် ။ ဇူးဇူးမောင်ရဲ့သမီးကြီးကလည်း အားကိုးနေရပြီဖြစ်သလို သမီးငယ်လေးကလည်း အရမ်းကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ် ။ ဇူးဇူးမောင်က “Christmas အတွက် decoration လေး နည်းနည်းပါးပါးနဲ့ cleaning ချိုတို့ သားအမိတွေရဲ့ လှုပ်ရှားမှုလေးတွေကြည့်ပြီး ပြုံးပျော်နိုင်ကြပါစေရှင် love you all ” ဆိုပြီး တင်ပေးထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဇူးဇူးမောင်တို့သားအမိသုံးယောက်ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Video Credit-“ACC Channel By Alison , Chloe & Cho

credit – Myanmarload

  • Leave a Comment

Categories