




credit – Myanmarload

Unicode

ကြောင်လေးက မျက်နှာကြက်ပေါ်တက်နေလို့ လိုက်ခေါ်ရင်း မတော်တဆပြုတ်ကျခဲ့တဲ့ သမီးလေးရဲ့ဗီဒီယိုကို ထုတ်ပြလိုက်တဲ့ မင်းညီ

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းညီကတော့ ဟိုးတစ်ခေတ်တစ်ခါကတည်းက ဗီဒီယိုဇာတ်ကားနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ မင်းညီက ဒါရိုက်တာတစ်ယောက်အဖြစ်လည်း ရပ်တည်နေပြီး ဇာတ်ကားပေါင်းများစွာကို ကိုယ်တိုင်ဖန်တီးနေတာဖြစ်ပါတယ်နော်။မင်းညီရဲ့ဇာတ်ပို့အခန်းတွေကိုလည်း ပရိသတ်တွေကအရမ်းကြိုက်နှစ်သက်ကြလို့ အမြဲကြည့်ရှု့ပြီး အားပေးနေကြတာဖြစ်ပါတယ်။

မင်းညီက ကိုယ်ပိုင်မိသားစုဘဝလေးလည်းရှိလို့ သားသမီးတွေနဲ့ဇနီးသည်အပေါ်မှာ လိုလေသေးမရှိအောင် ဂရုစိုက်စောင့်ရှောက်ပေးတာဖြစ်ပါတယ်။မင်းညီရဲ့‌က‌လေးသုံးယောက်လုံးကလည်း ချစ်မွေးအပြည့်ပါပြီး လိမ္မာရေးခြားရှိကြလို့ ဖေဖေနဲ့မေမေတို့က သားသမီးရတနာလေးတွေကို ရရှိထားတာဖြစ်ပါတယ်။မင်းညီရဲ့သမီးလေး မှုံလေးကတော့ စိတ်ကောင်းအရမ်းရှိပြီး တိရိစ္ဆာန်လေးတွေကို အရမ်းချစ်တတ်တဲ့သူလေးဖြစ်ပါတယ်နော်။

ဒီဇင်ဘာလ(၉)ရက်နေ့မှာ မင်းညီရဲ့သမီးလေးက သူ့ရဲ့ကြောင်လေး မျက်နှာကြက်ပေါ်တက်နေလို့ လိုက်ခေါ်ရင်း မတော်တဆပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်နော်။မင်းညီတို့က သမီးလေးကို ဖြစ်ဖြစ်ချင်းပဲ အရေးပေါ်ကားတွေခေါ်ပြီး ဆေးရုံတင်ခဲ့ကာ အခုဆိုရင်တော့ အခြေအနေကောင်းမွန်နေပြီပဲဖြစ်ပါတယ်။အခုဆိုရင်တော့ မင်းညီက သမီးလေးပြုတ်ကျခဲ့တဲ့ ဗီဒီယိုလေးကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ပရိသတ်တွေနဲ့မိတ်ဆွေတွေ တွေ့မြင်ရအောင်လို့ မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Source and Video Credit:Min Nyi

credit – Myanmarload

  • Leave a Comment

Categories