




credit – Myanmarload

Unicode

မြို့ပြနဲ့ဝေးပြီး စိုက်ခင်းတွေနဲ့အေးချမ်းသာယာတဲ့ရွာလေးမှာ မိခင်ကြီးနဲ့အတူ လွတ်လပ်စွာပျော်ရွှင်နေတဲ့ အဆိုတော်ဆိုတေး

တေးရေး၊တေးဆိုတစ်ဦးဖြစ်တဲ့ အဆိုတော်ဆိုတေးကတော့ “မီးအိမ်ရှင်” သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ရင်ထဲမှာ စတင်နေရာယူခဲ့တာ ဖြစ်ပါတယ် ။ အသံချိုချိုအေးအေးလေးကို ပိုင်ဆိုင်ထားတဲ့ ဆိုတေးက အချစ်သီချင်းတွေနဲ့ အလွမ်းသီချင်းကောင်းလေးတွေကို ဖန်တီးတဲ့နေရာမှာ အင်မတန်ထူးချွန်သူ ဖြစ်ပါတယ် ။ ဆိုတေးက တစ်ကိုယ်တော်အခွေသာမက သီချင်းကောင်းတွေအများအပြားထွက်ရှိခဲ့တာဖြစ်ပြီး လူငယ်ပရိသတ်တွေရဲ့အားပေးမှုကိုလည်း အပြတ်အသတ်ရရှိခဲ့တာ ဖြစ်ပါတယ် ။

အခုချိန်အထိလည်း ဆိုတေးက သူဝါသနာပါတဲ့အလုပ်ကိုသာ အားစိုက်လုပ်ကိုင်ရင်း သီချင်းတွေဆက်လက် ဖန်တီးနေတာ ဖြစ်ပါတယ် ။ ဆိုတေးရဲ့ဂီတလှုပ်ရှားမှုတွေနဲ့ သီချင်းသစ်တွေကိုတော့ သူ့ရဲ့ပရိသတ်တွေက အမြဲစောင့်ကြည့်ပြီး အားပေးဝန်းရံနေကြတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဆိုတေးတစ်ယောက် သူချစ်ရတဲ့မိခင်ကြီးနဲ့အတူ သာယာတဲ့နေရာလေးတစ်ခုမှာ ပျော်ပျော်ပါးပါး အနားယူနေတာ ဖြစ်ပါတယ် ။

ဆိုတေးက “မြို့ပြနဲ့ဝေးရာ သာယာသောနေရာလေးဆီသို့” ဆိုပြီး စိမ်းစိုလှပတဲ့သဘာဝရှုခင်းနဲ့ အေးချမ်းတဲ့ရွာလေးမှာ ပျော်နေတဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ဆိုတေးကတော့ ရွာအနှံ့လျှောက်လည်ရင်း စိုက်ခင်းတွေ၊သီးပင်စားပင်တွေနဲ့ ဓာတ်ပုံရိုက်ကာ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်ဆိုတေးတို့သားအမိနှစ်ယောက်ရဲ့အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Photo Credit-Singer So Tay

credit – Myanmarload

  • Leave a Comment

Categories