credit – Myanmarload
Unicode
ချစ်မေမေမင်္ဂလာဆောင်တုန်းကဝတ်ခဲ့တဲ့သတို့သမီးဝတ်စုံလေးကိုအနည်းငယ်ပြုပြင်ပြီး ကိုယ်တိုင်ဝတ်ဆင်ကာ အမှတ်တရရိုက်ကူးခဲ့တဲ့ ခင်ဝင့်ဝါ
ခေးလေးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ အလှမယ်အဖြစ်နဲ့ ပြိင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတွေလည်း ရရှိခဲ့သူတစ်ယောက်ပါ။ သူမရဲ့ ကလေးဆန်တဲ့ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေက ချစ်မဝ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ ခေးလေးဟာရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို လက်မလည်အောင် ရိုက်ကူးနေရသူလေးလည်း ဖြစ်ပါတယ်။
သူမဟာ လတ်တလောမှာတော့ ကြော်ငြာလေးတွေ တောက်လျှောက် ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။အနုပညာလှုပ်ရှားမ့တွေတိုင်းကိုလည်း ပရိသတ်တွေကို အမြဲဝေမျှပေးလေ့ရှိပြီး မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ချစ်မေမေမင်္ဂလာဆောင်တုန်းကဝတ်ခဲ့တဲ့သတို့သမီးဝတ်စုံလေးကိုအနည်းငယ်ပြုပြင်ပြီး ဝတ်ဆင်ကာအမှတ်တရပုံဖော်ရိုက်ကူးခဲ့တဲ့ ခင်ဝင့်ဝါရဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။
သူမကလည်း ” တစ်နေ့ မေကြီးကသူမင်္ဂလာဆောင်တုန်းကဝတ်ခဲ့တဲ့ မင်္ဂဆောင်ဝတ်စုံလေးကိုအမှတ်တရသိမ်းထားဖို့ ခေးကိုပေးလာတယ်။အဲ့မှာခေးလည်း မေကြီးရဲ့မင်္ဂလာဆောင်ဝတ်စုံနဲ့အမှတ်တရလေးရိုက်ထားချင်တဲ့စိတ်ကူးလေးပေါ်လာတယ်။အဲ့ဒါကိုဒီဇိုင်နာ မသွင်စုထွေးက မေကြီးရဲ့ဝတ်စုံလေးကိုခေးဝတ်လို့ရအောင်ကူညီပြီးပြင်ပေးတယ်ပြီးတော့ အလှဆုံးပြင်ဆင်ပေးတဲ့ မိတ်ကပ်က Jessica Han ၊ ဓါတ်ပုံကို ကိုအောင်ဇော်(love space) မှ အကောင်းဆုံးရိုက်ကူးပေးပြီး အကောင်းဆုံး retouch ကို ကိုညီ (love space) မှကူညီပေးထားပါတယ်။အခုလိုအမှတ်တရလေးကို စီစဉ်ပေးသော ကိုဇော်
အစစအရာရာကိုအသေးစိတ်ကူညီပေးကြတဲ့ခေးချစ်ရတဲ့တစ်ဦးတစ်ယောက်ခြင်းစီကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်ရှင့်
အမေတစ်ခေတ် သမီးတစ်ခေတ် ” ဆိုပြီး ရေးထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီပုံလေးတွေကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Khin Wint Wah
credit – Myanmarload