




credit – Myanmarload

Unicode

ရုတ်တရက်ကြီးထိုင်ငိုနေတဲ့မိန်းမကို ချစ်ဖို့ကောင်းလွန်းလို့ဆိုပြီး ဗီဒီယိုရိုက်ကာ ဆေးအကြီးကြီးထိုးလိုက်တဲ့ ပွင့်နဒီမောင်ရဲ့ယောက်ျား

မင်းသမီးချော ပွင့်နဒီမောင်ကတော့ လူငယ်လေးတစ်ယောက်လို အမြဲတမ်းနုပျိုလှပနေသူလေးဖြစ်ပြီး လွတ်လပ်ပေါ့ပါးတဲ့စတိုင်လ်လေးနဲ့ နေထိုင်တတ်တာ ဖြစ်ပါတယ် ။ ပွင့်နဒီမောင်က ဟန်ဆောင်မှုကင်းသလို ပျော်ပျော်လည်းနေတတ်တာကြောင့် မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေအားလုံးက အရမ်းချစ်နေရတာ ဖြစ်ပါတယ် ။ ပွင့်နဒီမောင်က အနုပညာလောကမှာ နာမည်ကြီးကျော်ကြားသလို ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်တဲ့အခါမှာလည်း အောင်မြင်မှုရနေတာ ဖြစ်ပါတယ် ။

ပွင့်နဒီမောင်ကတော့ သရုပ်ဆောင်ထူးခြားတို့ဇနီးမောင်နှံနဲ့အတူလက်တွဲပြီး ဝက်နံရိုးမီးတောက်၊ဝက်လက်ရှယ်ပေါင်းနဲ့ ဝက်သားတုတ်ထိုးတွေကို ကိုယ်တိုင်ပြုလုပ်ရောင်းချနေတာ ဖြစ်ပါတယ် ။ ပွင့်နဒီမောင်တို့ရဲ့စီးပွားရေးလုပ်ငန်းကိုတော့ ပရိသတ်တွေကလည်း အားပေးကြတာကြောင့် အရမ်းကိုလူသိများအောင်မြင်နေတာ ဖြစ်ပါတယ် ။ အခုတော့ ကလေးလေးလိုအော်ငိုတတ်တဲ့ ပွင့်နဒီမောင်တစ်ယောက် ခင်ပွန်းဖြစ်သူရဲ့ဆေးထိုးစနောက်ခြင်းကိုခံလိုက်ရတာ ဖြစ်ပါတယ် ။

ရုတ်တရက်ကြီးထိုင်ငိုနေတဲ့ ပွင့်နဒီမောင်ကို သူမရဲ့ခင်ပွန်းက ချစ်ဖို့ကောင်းလို့ဆိုပြီး ဗီဒီယိုလေးရိုက်ထားတာ ဖြစ်ပါတယ် ။ ပွင့်နဒီမောင်ရဲ့ခင်ပွန်းက “ထိုင်ငိုနေလို့ ဘာများဖြစ်တာလဲလို့ လန့်သွားတာပဲ။ သွားကိုက်လို့တဲ့ ကလေးမွေးစရာမလိုလောက်အောင်ကိုကလေးလေးလိုဖြစ်နေတဲ့ မိန်းမရှိနေခြင်းဟာ ကလေးတစ်ယောက်ပိုင်ဆိုင်ထားရသလိုပါပဲ။ ” ဆိုပြီး ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။ ကဲ သွားကိုက်လို့ဆိုပြီး ငိုယိုနေတဲ့ ပွင့်နဒီမောင်ရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Video Credit-ရွှေကညှာ

credit – Myanmarload

  • Leave a Comment

Categories