



Unicode

ထက်ထက်မိုးဦးနဲ့အတူ ကြော်ညာရိုက်နေပြီဖြစ်တဲ့ သရုပ်ဆောင် နိုင်လူရဲ့သမီးလေး ခေတ်ဆည်းဆာ

အနုပညာလောမှာ အမြဲမိုက်တိမိုက်ကန်းဇာတ်ရုပ်တွေနဲ့ လူမုန်းများတဲ့ ဗီလိန်ဇာတ်ကောင်နေရာတွေမှာအမြဲ သရုပ်ဆောင်လေ့ရှိတဲ့ နိုင်လူကတော့ ရုပ်ရှင်ထဲနဲ့ အပြင်မှာတော်တော်လေးကွာခြားပါတယ်။ရုပ်ရှင်ပိတ်ကား ပေါ်မှာ ပရိသတ်မုန်းတဲ့ဇာတ်ရုပ်တွေကို အပီပြင်ဆုံးသရုပ်ဆောင်ရပေမယ့် အပြင်မှာတော့ ဘုရားတရားကိုင်း ရှိုင်းပြီး မိသားစုအပေါ်ရှာဖွေကျွေးမွေးနေတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။

နိုင်လူကတော့ ချစ်စရာကောင်းတဲ့ မိသားစုလေးနဲ့ ဝါသနာပါရာအနုပညာလုပ်ငန်းတွေလုပ်ကိုင်ရင်း ဘဝကိုပျော် ရွှင်စွာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။နိုင်လူရဲ့အငယ်ဆုံးသမီးလေးခေတ်ဆည်းဆာလေးကလည်း ချစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်တွေအားပေးချစ်ခံရတဲ့ကလေးလေးပဲ ဖြစ်ပါတယ်။ ခေတ်ဆည်းဆာလေးကတော့ အသက်ကြီးလာရင် မင်သမီးလုပ်ချင်တယ်လို့ သူ့ရဲ့ ဝါသနာလေးကို မီဒီယာကနေ ပရိသတ်ကိုပြောခဲ့ပါသေးတယ်။

လတ်တလောမှာလဲ ခေတ်ဆည်းဆာ လေးက သရုပ်ဆောင် ထက်ထက်မိုးဦးနဲ့အတူ ကြော်ညာရိုက်ကူးနေတာပဲဖြစ်ပါတယ်။ နိုင်လူက”ပြည်သူ့အချစ်တော်ထက်ထက်မိုးဦးနှင့်ပြည်သူ့အချစ်တော်ခေတ်ဆည်းဆာတို့ Spoonအချိုမှုန့်ကြော်ငြာရိုက်ကူးခြင်း” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ထက်ထက်နဲ့ ခေတ်ဆည်းဆာတို့ရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ သမီးလေး ခေတ်ဆည်းဆာလဲ အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါစေလို့ စွယ်စုံက ဆုတောင်းပေးလိုက်ပါတယ်နော်။

  • Leave a Comment

Categories