credit – Myanmarload
Unicode
မကြာခင်မှာသမီးလေးမွေးဖွားပေးတော့မယ့်ချစ်ဇနီးလေးနဲ့အတူကြည်နူးစရာကောင်းတဲ့အချိန်လေးတွေဖြတ်သန်းကုန်ဆုံးနေတဲ့ မြင့်မြတ်
သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားသူကတော့ သရုပ်ဆောင် မင်းသားချောလေး မြင့်မြတ်ပဲ ဖြစ်ပါတယ်။ သူဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေများစွာကို ရရှိပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပီပြင်ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်တာကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေ ရရှိထားတာလည်း ဖြစ်ပါတယ်။
မြင့်မြတ်ဟာ မကြာခင်မှာလည်း ဒုတိယရင်သွေးလေးကို ရရှိတော့မှာဘဲ ဖြစ်ပါတယ်။ ဇနီးဖြစ်သူကိုလည်း အနားကနေ လိုလေသေးမရှိအောင် ပြုစုဂရုစိုက်နေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးစကားတွေပြောလို့ရအောင်လည်း Official Facebook Page ဖွင့်လှစ်ထားပြီပဲ ဖြစ်ပါတယ်။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း မြင့်မြတ်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မကြာခင်မှာသမီးလေးမွေးဖွားပေးတော့မယ့်ချစ်ဇနီးလေးနဲ့ကြည်နူးစရာကောင်းတဲ့အချိန်လေးတွေဖြတ်သန်းကုန်ဆုံးနေတဲ့ မြင့်မြတ်ရဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။ သူကလည်း ” မင်္ဂလာညချမ်းလေးပါဗျာ … With family ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီပုံလေးတွေကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Myint Myat
credit – Myanmarload