ကိုယ္ပိုင္ဆိုင္သစ္ေလးဖြင့္လွစ္ႏိုင္ခဲ့တဲ့မဆင့္အတြက္ ၀မ္းသာေပ်ာ္႐ႊင္ရင္း ဆိုင္ဖြင့္ပြဲေလးကိုတက္ေရာက္အားေပးခဲ့တဲ့ ခိုင္သင္းၾကည္

မခိုင္ေလးလို႔ ပရိသတ္ေတြက ခ်စ္စႏိုးနဲ႔ေခၚေဝၚၾကတဲ့ ခိုင္သင္းၾကည္ကေတာ့ လူခ်စ္လူခင္ေပါမ်ားတဲ့ အႏုပညာရွင္ေတြထဲမွာ တစ္ေယာက္အပါအဝင္ ျဖစ္ၿပီး ပြင့္ပြင့္လင္းလင္းနဲ႔ေပ်ာ္ေပ်ာ္ေနတတ္တာေၾကာင့္ ပရိသတ္ေတြကသာမက အႏုပညာရွင္အခ်င္းခ်င္းကပါခ်စ္ခင္ေလးစားရတဲ့ မင္းသမီးတစ္ေယာက္ျဖစ္ပါတယ္ေနာ္။ ေအာင္ျမင္မႈေတြအခိုင္အမာသိမ္းပိုက္ထားႏိုင္တဲ့ မခိုင္ေလးဟာ အကယ္ဒမီဆုႀကီးႏွစ္ဆုအျပင္ အႏုပညာလႈပ္ရွားမႈေတြကိုလည္း ဆက္တိုက္ဆိုသလို ႀကိဳးစားလုပ္ေဆာင္ေနတာျဖစ္ပါတယ္။

လတ္တေလာမွာ မခိုင္ေလးတစ္ေယာက္ အိမ္မွာပဲခ်စ္ရတဲ့မိသားစုေလးကို အခ်ိန္ပိုေပးျဖစ္ေနၿပီး သမီးေလးစံထိပ္ထားဦးဟာလည္း ‌ေမေမ့ေျခရာနင္းကာ အႏုပညာလႈပ္ရွားမႈေတြလုပ္ကိုင္ေနၿပီး ပရိသတ္အားေပးမႈရရွိေနၿပီျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ မခိုင္ေလးဟာ အစ္မအရင္းတစ္ေယာက္လိုခ်စ္ရတဲ့ ေမသန္းႏုရဲ႕ဆိုင္ဖြင့္ပြဲေလးကိုသြားေရာက္ခဲ့တာလည္း ျဖစ္ပါတယ္ေနာ္…..။

ေမသန္းႏုဟာ အခုအခ်ိန္မွာဆိုရင္ ၿမိတ္ေဒသထြက္အစားအေသာက္ေတြကို ကိုယ္တိုင္ခ်က္ျပဳတ္ေရာင္းခ်ေနၿပီး “ေ႐ႊဆင့္” ဆိုတဲ့ အမည္နဲ႔ ကိုယ္ပိုင္ဆိုင္ေလးဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။ မၾကာေသးမီက မခိုင္ေလးဟာသူမရဲ႕ Facebookစာမ်က္ႏွာမွာ “ဒီေန႔”ေ႐ႊဆင့္”ဆိုင္ဖြင့္ပြဲမွာမဆင့္နဲ႔အမွတ္တရ……” ဆိုတဲ့ captionေလးနဲ႔အတူ ဆိုင္ဖြင့္ပြဲအမွတ္တရပုံေလးေတြကိုတင္ေပးလာပါတယ္။ ကဲ…..ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

သတင္းအရင္းျမစ္: Khin Thin KYI

credit – Myanmarload

Unicode

ကိုယ်ပိုင်ဆိုင်သစ်လေးဖွင့်လှစ်နိုင်ခဲ့တဲ့မဆင့်အတွက် ၀မ်းသာပျော်ရွှင်ရင်း ဆိုင်ဖွင့်ပွဲလေးကိုတက်ရောက်အားပေးခဲ့တဲ့ ခိုင်သင်းကြည်

မခိုင်လေးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ ခိုင်သင်းကြည်ကတော့ လူချစ်လူခင်ပေါများတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ပျော်ပျော်နေတတ်တာကြောင့် ပရိသတ်တွေကသာမက အနုပညာရှင်အချင်းချင်းကပါချစ်ခင်လေးစားရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်နော်။ အောင်မြင်မှုတွေအခိုင်အမာသိမ်းပိုက်ထားနိုင်တဲ့ မခိုင်လေးဟာ အကယ်ဒမီဆုကြီးနှစ်ဆုအပြင် အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်ဆိုသလို ကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်။

လတ်တလောမှာ မခိုင်လေးတစ်ယောက် အိမ်မှာပဲချစ်ရတဲ့မိသားစုလေးကို အချိန်ပိုပေးဖြစ်နေပြီး သမီးလေးစံထိပ်ထားဦးဟာလည်း ‌မေမေ့ခြေရာနင်းကာ အနုပညာလှုပ်ရှားမှုတွေလုပ်ကိုင်နေပြီး ပရိသတ်အားပေးမှုရရှိနေပြီဖြစ်ပါတယ်။ ဒီနေ့မှာတော့ မခိုင်လေးဟာ အစ်မအရင်းတစ်ယောက်လိုချစ်ရတဲ့ မေသန်းနုရဲ့ဆိုင်ဖွင့်ပွဲလေးကိုသွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်နော်…..။

မေသန်းနုဟာ အခုအချိန်မှာဆိုရင် မြိတ်ဒေသထွက်အစားအသောက်တွေကို ကိုယ်တိုင်ချက်ပြုတ်ရောင်းချနေပြီး “ရွှေဆင့်” ဆိုတဲ့ အမည်နဲ့ ကိုယ်ပိုင်ဆိုင်လေးဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ မကြာသေးမီက မခိုင်လေးဟာသူမရဲ့ Facebookစာမျက်နှာမှာ “ဒီနေ့”ရွှေဆင့်”ဆိုင်ဖွင့်ပွဲမှာမဆင့်နဲ့အမှတ်တရ……” ဆိုတဲ့ captionလေးနဲ့အတူ ဆိုင်ဖွင့်ပွဲအမှတ်တရပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Khin Thin KYI

credit – Myanmarload

  • Leave a Comment

Categories